Sep 5, 2024

2024-2025 ဘဏ္ဍာရေးနှစ် Cash Plan တတိယ ၃ လပတ်ရေးဆွဲပေးပို့ပါရန်ကိစ္စ

၁။    ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၉-၁၂-၂၀၂၁ ရက်စွဲပါစာဖြင့် ညွှန်ကြားချက်အရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး(ရုံးချုပ်၊ မြန်မာနိုင်ငံစာရင်းကောင်စီရုံး၊ ပြည်ထောင်စုနယ်မြေ(၁၁)ရုံး) အတွက် ငွေသားစီမံချက်အရ/အသုံး စာရင်းများကို ၃ လတစ်ကြိမ် အနီးစပ်ဆုံး ခန့်မှန်းရေးဆွဲပြီး ငွေတိုက်ဦးစီးဌာနသို့ပေးပို့လျက်ရှိပါသည်။

၂။    ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ရုံး/ဌာနခွဲများမှ ငွေကြေးစီမံခန့်ခွဲမှုကို တိကျစွာလုပ်ဆောင်ရန် လိုအပ်ပြီး ရုံး/ဌာနခွဲအသီးသီးမှ ၃ လပတ်အလိုက် ရငွေ/သုံးငွေများအား အမှန်ရရှိ၊ သုံးစွဲမှုနှင့် အနီးစပ်ဆုံးခန့်မှန်းတွက်ချက်၍ ခန့်မှန်းသည့်အတိုင်း ရရှိ/သုံးစွဲနိုင်ရေးဆောင်ရွက်ပေးရန်နှင့် ခန့်မှန်းသည့် ၃ လပတ်အတွင်း လအလိုက်ခန့်မှန်းလျာထားမှုကို စီမံ(ဘတ်ဂျက်) ဌာနခွဲသို့ သတ်မှတ်ရက်များအတိုင်း ပေးပို့ပါရန် စီမံရေးရာဦးစီးဌာန၏ ၆-၃-၂၀၂၄ ရက်စွဲပါစာဖြင့် အကြောင်းကြားခဲ့ပြီးဖြစ်ပါသည်။

၃။    သို့ပါ၍ ဌာနခွဲအသီးသီးမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တတိယ ၃ လပတ် (၁၀/၂၀၂၄လမှ ၁၂/၂၀၂၄ လထိ) လျာထားစာရင်းများကို အရအသုံးခန့်မှန်းခြေငွေစာရင်းပါ ခွင့်ပြုငွေရရှိမှုအပေါ် မူတည်၍ စိစစ်ပြီး လျာထားမှုကို ၂၅-၉-၂၀၂၄ ရက်နေ့နောက်ဆုံးထားပေးပို့ရန် ညှိနှိုင်းအကြောင်းကြားအပ်ပါသည်။ သတ်မှတ်ရက်နေ့နောက်ပိုင်းပေးပို့လာသော စာရင်းအချက်အလက်များအား မဖြစ်မနေသုံးစွဲရန် လိုအပ်သောပြောင်းလဲချက်မှအပ ပြင်ဆင်ဆောင်ရွက်ပေးမည်မဟုတ်ပါကြောင်း အကြောင်းကြားအပ်ပါသည်။

 

3 comments:

  1. နည်းပညာဌာနခွဲမှ သိရှိပြီးဖြစ်ပါသည်။

    ReplyDelete
  2. e-Government ဌာနမှ သိရှိပြီးဖြစ်ပါသည်။

    ReplyDelete
  3. IRD Section မှသိရှိပြီးဖြစ်ပါသည်။

    ReplyDelete