May 27, 2026

ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်းအမှတ်စဉ်(၁၂) သို့ တက်ရောက်နိုင်ပါကြောင်း အသိပေးအကြောင်းကြားခြင်း

ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဥ်‌‌ကျေးမှုဝန်ကြီးဌာနမှ ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်းအမှတ်စဉ်(၁၂) သို့တက်ရောက်နိုင်ကြောင်း ပေးပို့လာပါ၍ သိရှိနိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

May 26, 2026

စာအုပ်အမှာစာ တောင်းခံခြင်းကိစ္စ

ဝန်ထမ်းရေးရာ ခွင့်ထွေဌာနစိတ်သို့ ဝယ်မည့်စာရင်း ရှိ/မရှိ အား ၄-၆-၂၀၂၆ ရက်နေ့ နောက်ဆုံးထား ပြန်ကြားပေးပါရန်။
သိရှိပြီးကြောင်း comment တွင် ပြန်ကြားပေးပါရှင့်

OT ဆင်းမည့်သူစာရင်းပေးပို့နိုင်ရန်ကိစ္စ

ဌာနခွဲများမှ OT ဆင်းမည့်သူစာရင်းအား ညနေ ၄း၃၀ မတိုင်မီ မော်တော်ယာဉ်ဌာနခွဲသို့ အရောက်ပေးပို့နိုင်ပါရန် ညှိနှိုင်းအပ်ပါသည်။

အားကစားသမား စာရင်းတောင်းခံခြင်း

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်လုံးအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသည့် ဝန်ထမ်းစာရင်းတောင်းခံခြင်း စဉ် အမည် ရာထူး ဌာန ဖုန်းနံပါတ် နေရပ်လိပ်စာ မှတ်ချက်

May 12, 2026

မျက်မှန်ပြုလုပ်နိုင်ပါရန် အသိပေးအကြောင်းကြားခြင်း

မျက်မှန်တပ်ဆင်ရန်လိုအပ်သည့် နိုင်ငံဝန်ထမ်းများ လွယ်လင့်တကူ မျက်မှန်တပ်ဆင်နိုင် ရန်အတွက် မျက်မှန်ပါဝါကျွမ်းကျင်စမ်းသူများဖြင့် မျက်မှန်ပါဝါအခမဲ့စမ်းသပ်ပေး၍ မျက်မှန်များနှင့် ပါဝါမှန်မျိုးစုံကို သက်သာသောအထူးဈေးနှုန်းနှင့်အတူ အရစ်ကျအကြွေးစနစ်ဖြင့် (ထွန်းကမ္ဘာ မျက်မှန်ဆိုင်နှင့် အောင်ကမ္ဘာမျက်မှန်ဆိုင်) တို့မှ မျက်မှန်ပြုလုပ်ရောင်းချမည်ဖြစ်ပါ၍ ဌာနခွဲ အသီးသီးမှ ဝန်ထမ်းများအား အသိပေးအကြောင်းကြားအပ်ပါသည်။ သို့ပါ၍ မျက်မှန်ပါဝါများ စမ်းသပ်စစ်ဆေး ဝယ်ယူမည့်ဝန်ထမ်းများအားလုံး ဌာနခွဲအလိုက် စာရင်းပြုစုပေးပို့ပါရန်နှင့် စာရင်း ပြုစုပေးပို့ရာတွင် မိမိပြုလုပ်လိုသည့် မျက်မှန်ဆိုင်အမည်ကို တစ်ပါတည်း ထည့်သွင်းဖော်ပြပါ၍ ၁၅-၅-၂၀၂၆ ရက်နေ့နောက်ဆုံးထား၍ စီမံ-ပစ္စည်း (ပြင်/ထိန်း)ဌာနခွဲသို့ စာရင်းပေးပို့ပေးပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။ စဉ် အောင်ကမ္ဘာမျက်မှန်ဆိုင် ထွန်းကမ္ဘာမျက်မှန်ဆိုင် ၁ ပြုလုပ်ရောင်းချပေးသောမျက်မှန်များအား ကြည့်မကောင်းပါက အခမဲ့ ပြန်လည် စမ်းသပ်၍ အသစ်လဲလှယ်ပေးခြင်း ပြုလုပ်ရောင်းချပေးသောမျက်မှန်များအား ကြည့်မကောင်းပါက အခမဲ့ ပြန်လည်စမ်းသပ် ၍ အသစ်လဲလှယ်ပေးခြင်း ၂ မျက်မှန်အမျိုးအစားမှန်ကန်ပါသဖြင့် အနည်း ဆုံး(၁)နှစ်အာမခံခြင်း မျက်မှန်အမျိုးအစားမှန်ကန်ပါသဖြင့် အနည်း ဆုံး(၁)နှစ်အာမခံခြင်း ၃ စမ်းသပ်ရောင်းချပြီးမျက်မှန်များအား အရစ်ကျအကြွေးစနစ်(၃)လ(၃)ရစ်နှုန်းဖြင့်ရောင်းချခြင်း စမ်းသပ်ရောင်းချပြီးမျက်မှန်များအား အရစ်ကျ အကြွေးစနစ်(၃)လ(၃)ရစ်နှုန်းဖြင့်ရောင်းချခြင်း ၄ သက်ဆိုင်ရာဝန်ထမ်းမှ တာဝန်ယူလျှင် မည်သူ့ကိုမဆို စမ်းသပ်ရောင်းချပေးခြင်း ငွ ေကောက်ခံငွေပေးချေမှုတို့တွင် ဌာနနှင့် လုံးဝ (လုံးဝ) မသက်ဆိုင်ဘဲ မိမိတို့ဘက်မှ တာဝန် ယူမည်ဖြစ်ခြင်း

May 11, 2026

သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်းအမှတ်စဉ်(၂/၂၀၂၆) သင်တန်းသို့တက်ရောက်နိုင်ကြောင်း အသိပေးအကြောင်းကြားခြင်း

နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်းအမှတ်စဉ်(၂/၂၀၂၆) သင်တန်းသို့တက်ရောက်နိုင်ကြောင်း ပေးပို့လာပါ၍ သိရှိနိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

May 8, 2026

All Department Shared (\\10.1.110.200) ရှိ File/ Folder များ ဖျက်ရန်ကိစ္စအား အကြောင်းကြားခြင်း

နည်းပညာဌာနခွဲ အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဥ်း၍ ဤရုံးတွင် အသုံးပြုနေသော All Department Shared (\\10.1.110.200) တွင် အကြောင်းအရာ တစ်ခုတည်းကို နေရာတိုင်းတွင် သိမ်းထားကြသဖြင့် File/Folder များ Duplicate ဖြစ်နေခြင်း၊ Storage Space ပြည့်နေခြင်းတို့ကြောင့် File/Folderများအား ဖျက်ရန် ဆောင်ရွက်လိုပါသဖြင့် မိမိတို့ အသုံးပြုနေသော File/ Folder များအား (11-5-2026) နောက်ဆုံးထား ဖျက်ပေးပါရန် အကြောင်းကြားအပ်ပါသည်။ သိရှိကြောင်း Comment ၌ ပြန်ကြားပေးပါရန်။

May 7, 2026

ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းလချုပ်စာရင်းများ ပေးပို့ရန်ကိစ္စ

နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နည်းပညာဌာနခွဲသို့ လစဉ်ပေးပို့ရသော ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းလချုပ်စာရင်းများအား လစဉ် လဆန်း (၇)ရက်ထက်နောက်မကျစေဘဲ ပေးပို့ပါရန် မေတ္တာရပ်ခံအပ်ပါသည်။ မှ နည်းပညာဌာနခွဲ

ဖယ်ရီလိုက်ပါမည့်သူစာရင်းပေးပို့ရန်ကိစ္စ

ဌာနအလိုက် ဖယ်ရီယာဉ် အမှန်တကယ်လိုက်ပါစီးနင်းမည့်သူစာရင်းအား ယနေ့(၇-၅-၂၀၂၆)ရက်နေ့ ညနေ ၃ နာရီတွင် မော်တော်ယာဉ်ဌာနသို့ အရောက်ပေးပို့ပါရန် မှတ်ချက်။ လိုက်ပါစီးနင်းမည့်အဆောင်/နေရာ အား ထည့်သွင်းဖော်ပြရန်။ ပြင်ပအိမ်ရာတွင် နေထိုင်သော ဝန်ထမ်းများအနေဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးပိုင်အဆောင်နှင့်အနီးစပ်ဆုံးထည့်သွင်းဖော်ပြရန်။ နှုတ်ထွက်ခွင့်တင်ပြီးလစာမဲ့ခွင့်တင်ထားသောသူများအား ဖော်ပြရန်။