ရုံးတွင်းဌာနအချင်းချင်း အသိပေးပြောကြားလိုသည့် ကိစ္စရပ်များ သိရှိနိုင်ရန်ဖြစ်သည်။
Aug 21, 2024
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စုပေါင်းသွေးလှူဒါန်းပွဲအတွက် ကြေငြာချက်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စုပေါင်းသွေးလှူဒါန်းပွဲကို ၂၃-၈-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။ ယခုစာရင်းပေးပြီးသူ (၄၀)ဦး ရှိပြီး ထပ်မံလှူဒါန်းလိုသူများ ၂၂-၈-၂၀၂၄ထိ စီမံ(ဝထ-၁) ခွင့်/ထွေဌာနသို့ စာရင်းပေးပို့နိုင်ပါသည်။ သွေးလှူဒါန်းသူများကို နံနက်(၇:၀၀)နာရီမှစ၍ အဆောင်များသို့ ဖယ်ရီကားဖြင့် လာရောက်ကြိုပါမည်။ သွေးလှူပြီးသောအခါ မူးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ သွေးအားနည်း ခြင်းဖြစ်နိုင်ပါသည်။ ဒါကြောင့် ဒီလိုဖြစ်တာတွေကို ကာကွယ်နိုင်ဖို့အတွက် သွေးမလှူခင်နဲ့ သွေးလှူအပြီးမှာ အိပ်ရေးဝအောင်အိပ်ပြီး၊ သင့်တော်မှန်ကန်တဲ့ အစားအစာတွေကို စားပေးဖို့လိုအပ်ပါသည်။
၁။ ရေများများသောက်ပါ။
ခန္ဓာကိုယ်မှာရှိသော သွေးတွေမှာ ရေဓါတ်က တစ်ဝက်နီးပါး ပါဝင်တာကြောင့် သွေးမလှူခင်ရော၊ လှူပြီးသောအခါမှာပါ ရေဓါတ်ပြည့်ဝနေရန် လိုအပ်ပါသည်။ သွေးလှူလိုက်တဲ့ အခါမှာ ရေဓါတ်တွေ နည်းသွားနိုင်ပြီး သွေးပေါင်ကျစေနိုင်တဲ့အတွက် မူးတာတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးမလှူခင်မှာ ပုံမှန်သောက်နေကျထက် ရေအများကြီးပိုသောက်ပေးရန် လိုအပ်ပါသည်။
၂။ သံဓါတ်ပါတဲ့ အစားအစာတွေ စားပေးပါ။
သွေးလှူတဲ့အခါမှာ သွေးနဲ့အတူ သံဓါတ်တွေလည်း ဆုံးရှုံးသွားပြီး ပင်ပန်းနွမ်းနယ်ခြင်းနဲ့ သွေး အားနည်းခြင်းကို ဖြစ်စေနိုင်ပါသည်။ သံဓါတ်ဟာ အောက်ဆီဂျင်တွေကို ခန္ဓာကိုယ်တစ်ခုလုံးကို သယ်ပို့ပေး နိုင်တဲ့ haemoglobin လို့ခေါ်တဲ့ သွေးနီဥလေးရဲ့အရေးပါတဲ့ အစိတ်အပိုင်းလေးတည်ဆောက်တဲ့ နေရာမှာ လည်းအသုံးလိုပါသည်။ ဒါကြောင့် သွေးမလှူခင်မှာ သံဓါတ်ကြွယ်ဝပြီး မျှတတဲ့ အစားအစာတွေကို စားပေးဖို့ အကြံပေးချင်ပါသည်။
သံဓါတ်ကြွယ်ဝသော အစားအစာများမှာ-
(၁) အနီရောင်ရှိတဲ့ အသားများ။( ဥပမာ- အမဲသား၊ ဝက်သား၊ စသည်)
(၂) ငါးများ၊ အထူးသဖြင့် အခွံမာငါးများ။ (ဥပမာ- တူနာငါး၊ ပုစွန်၊ ကမာ၊ စသည်)
(၃) ကလီစာများ (ဥပမာ- အသည်း)
(၄) ဥ နှင့် ပဲအမျိုးမျိုး။
(၅) အစိမ်းရင့်ရောင်ရှိတဲ့ဟင်းသီးဟင်းရွက်များနှင့်သစ်သီးများ။ (ဂေါ်ဖီစိမ်း၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊
ကန်စွန်းရွက်၊ ပဲသီးပဲတောင့်များ)
၃။ ဗီတာမင် C ပါသော အစားအစာများစားပေးပါ။
ဗီတာမင်စီ.ဟာ သံဓါတ်တွေကို ခန္ဓာကိုယ်ဆီ များများစုပ်ယူနိုင်အောင် ကူညီပေးနိုင်တဲ့အပြင် ခုခံအား လည်းကောင်းစေပါသည်။ ဒါ့ကြောင့် ဗီတာမင်စီပါတာတွေ ကိုလည်း မမေ့မလျော့စားပေးသင့်ပါသည်။
ဗီတာမင်စီကတော့ ချဉ်တဲ့ အစားအစာတော်တော်များများမှာပါဝင်ပါသည်။ ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာတွေ (ဥပမာ-သံပရာသီး၊ လိမ္မော်သီး၊ ကီဝီသီး၊ သရက်သီး၊ နာနတ်သီး၊ စတော်ဘယ်ရီသီး)ကို စားသုံးပေးနိုင်ပါသည်။
သွေးမလှူခင် ရှောင်ကြဉ်ရန်
၁။ အရက်
အရက်နဲ့ အရက်ပါသော ပစ္စည်းတွေက ရေဓါတ်ခမ်းခြောက်စေနိုင်ပါသည်။ ဒါကြောင့် အနည်းဆုံး သွေးမလှူခင် ၂၄ နာရီအလိုမှာ အရက်မသောက်ဖို့ ဂရုစိုက်ပေးသင့်ပါသည်။
၂။ ခန္ဓာကိုယ်အတွက် သံဓါတ်များများမရောက်အောင် တားတဲ့ အစားအစာများ။
ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်၊ ကယ်ဆီယမ်ဓါတ်ကြွယ်ဝသော နို့ နှင့် နို့ထွက် ပစ္စည်းများ၊ ဝိုင်၊ ချော့ကလက် စတာတွေက အဆီဓါတ်များတဲ့ အစားအစာများ (ဥပမာ- အကြော်အလှော်တွေ၊ ထောပတ်၊ ရေခဲမုန့်) စတာတွေကိုလည်း ရှောင်ဖို့ အကြံပေးချင်ပါသည်။
၃။ Aspirin ပါသောဆေးများ။
သွေးတိတ်လွယ်အောင်လို့ မလှူခင် ၄၈ နာရီလောက် aspirin ပါတဲ့ဆေးတွေကို ရှောင်ပေးသင့်ပါ သည်။ ကျန်းကျန်းမာမာနဲ့ သွေးလှူနိုင်ပြီး အသက်ပေါင်းများစွာကို ကယ်တင်နိုင်ကြပါစေ။
Subscribe to:
Post Comments (Atom)
စစ်ဆေးရေး-၁ မှ သိရှိပြီးဖြစ်ပါသည်။
ReplyDeleteသင်တန်းကျောင်းမှ သိရှိပြီးဖြစ်ပါသည်။
ReplyDeleteIA Section မှသိရှိပြီးဖြစ်ပါသည်။
ReplyDeleteဦးစီးရုံးမှ သိရှိပြီးဖြစ်ပါသည်။
ReplyDeletee-Government ဌာနမှ သိရှိပြီးဖြစ်ပါသည်။
ReplyDelete