Mar 27, 2024

 

ပိုစတာများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်ပါရန်နှင့် ရှင်းလင်းတင်ပြမှုများအပေါ် အကဲဖြတ်အမှတ်ပေးနိုင်ရေး အသိပေးအကြောင်းကြားခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၈၇) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသမည့် ပိုစတာများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းကို နဝရတ်ခန်းမ၊ သင်တန်းကျောင်းဆောင် 101 နှင့် 203 တို့တွင် ၂၈-၃-၂၀၂၄ နေ့ရက် နှင့် ၂၉-၃-၂၀၂၄ နေ့ရက်၌ ကျင်းပမည်ဖြစ်ပါ၍ ပူးတွဲပါ Seating Plan အတိုင်းတက်ရောက်ပေးပါရန်နှင့် ပိုစတာဆုများ (ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု-၂ ဆု)  ရွေးချယ်ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ပါသဖြင့်  ပူးတွဲ (၁) ပါ အကဲဖြတ်ရမည့် စံသတ်မှတ်ချက်များနှင့်အညီ စိစစ်အကဲဖြတ်အမှတ်ပေးရန် ဖြစ်ပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် မိမိတို့ ရုံး၊ ဌာနဝန်ထမ်းများ၏ ဆန္ဒများကို ကိုယ်စားပြု၍ ဆောင်ရွက်ရန်ဖြစ်ပြီး ပိုစတာပြပွဲပြိုင်ပွဲတွင် ပါဝင်ပြသယှဉ်ပြိုင်သည့် ရုံးချုပ်ရှိ ဉီးစီးဌာနများအနေဖြင့် မိမိတို့ဉီးစီးဌာနမှ ပါဝင်ယှဉ်ပြိုင်သည့် ပိုစတာမှအပ အခြားပိုစတာများအပေါ် အကဲဖြတ်အမှတ် ပေးရန် ဖြစ်ပါသည်။

မှတ်ချက်။      စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိများသည် သင်တန်းကျောင်းရှိ A အဆောင် အခန်းအမှတ် (၂၀၃)တွင် တက်ရောက်ရမည်ဖြစ်ပါသည်။

                   ရုံးအဖွဲ့၊ စီမံရေးရာ၊ နည်းပညာ၊ သင်တန်းကျောင်းနှင့် နေပြည်တော်စာရင်းစစ်ရုံးများရှိ ဦးစီးအရာရှိများနှင့် စာရင်းစစ်မှူးများသည် သင်တန်းကျောင်းရှိ A အဆောင် အခန်း အမှတ် (၁၀၁) တွင် တက်ရောက်ရမည်ဖြစ်ပါသည်။





သိရှိကြောင်း comment တွင်ပြန်ကြားပေးပါရန်။ IRD&HR




6 comments:

  1. သိရှိပြီးဖြစ်ပါသည်။

    ReplyDelete
  2. စစ်ဆေးရေး- ၇ မှ သိရှိပြီး ဖြစ်ပါသည်။

    ReplyDelete
  3. စစ်ဆေးရေး-၄ မှ သိရှိပြီး ဖြစ်ပါသည်။

    ReplyDelete
  4. မူဝါဒဌာနခွဲမှ သိရှိပြီး ဖြစ်ပါသည်။

    ReplyDelete
  5. စစ်ဆေးရေး-၂ မှ သိရှိပြီး ဖြစ်ပါသည်။

    ReplyDelete