နဝရတ်ခန်းမထဲတွင် သော့တွဲ(၁)တွဲ ကောက်ရထားပါသည်။
ပိုင်ရှင် ပြင်ထိန်း ဌာနတွင် လာယူပါရန် အသိပေးအကြောင်းပါသည်။
ရုံးတွင်းဌာနအချင်းချင်း အသိပေးပြောကြားလိုသည့် ကိစ္စရပ်များ သိရှိနိုင်ရန်ဖြစ်သည်။
ဌာနခွဲများတွင် အသုံးပြုနေသော Desktop/ Laptop များ၊ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ၏ ကောင်းမွန်မှု၊ သန့်ရှင်းသပ်ရပ်စွာ အသုံးပြုမှုအား နည်းပညာဌာနခွဲမှ ၂၄-၂-၂၀၂၆ ရက်နေ့တွင် မျက်မြင်လာရောက်စစ်ဆေးမည်ဖြစ်ပါသဖြင့် Laptop များ Tablet များ ယူဆောင်လာပေးပါရန် ညှိနှိုင်းအကြောင်းကြားအပ်ပါသည်။
သိရှိကြောင်း Comment ၌ ပြန်ကြားပေးပါရန်။
၁။ ၁၀-၂-၂၀၂၆ (အင်္ဂါနေ့)တွင် စီမံရေးရာဦးစီးဌာနမှ ဒေါ်သိန်းသိန်းဦး(ဒုတိယညွှန်ကြားရေးမှူးချုပ်)နှင့် ရန်ကုန်တိုင်း ဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ ဒေါ်ခင်မာချို(ညွှန်ကြားရေးမှူး)တို့မှ ပူးပေါင်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများအားလုံးကို ကြက်သားပလာတာ ကျွေးမွေးမည်ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ ဒုတိယညွှန်ကြားရေးမှူးနှင့်အထက် အဆင့်မြင့်အရာရှိကြီးများနှင့် အရာရှိကြီးများအား ဆုံဆည်းရာ စားရိပ်သာတွင် နံနက် ၁၀ နာရီတွင် တည်းခင်းဧည့်ခံပေးမည်ဖြစ်ပြီး လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများအား ဌာနခွဲအလိုက် စုစည်း၍ ခွဲဝေပေးမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
မှတ်ချက်။ ဌာနအလိုက်သိရှိပြီးဖြစ်ပါကြောင်းကို Commend တွင် ပြန်လည်ဖြေကြားပေးရန်ဖြစ်ပါသည်။
ယနေ့ ၆-၂-၂၀၂၆ ရက်နေ့ နေ့လည်အချိန်တွင် သမကျေးလက်မှ ပန်းဂေါ်ဖီစိမ်း ၂ပွင့် ၁၅၀၀ ကျပ်ဖြင့် လာရောက်ရောင်းချမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။