Dec 29, 2025

နည်းပညာဌာနခွဲ 

Data Center အတွင်းရှိ Store Virtual Server တွင် Error ဖြစ်နေ၍ ပြင်ဆင်နေပါသဖြင့် All Department Shared အသုံးပြု၍ မရသေးပါကြောင်း အကြောင်းကြားအပ်ပါသည်။

Dec 23, 2025

All Department Shared Server အသုံးပြုနိုင်ပြီဖြစ်ကြောင်း အကြောင်းကြားခြင်း

  All Department Shared Server အား ၂၂-၁၂-၂၀၂၅ ရက်နေ့မှစ၍ စတင်အသုံးပြုနိုင်ပြီဖြစ်ပါ၍ Removable Device များဖြစ်သည့် USB StickExternal Hand Disk နှင့် CD/DVD များ အသုံးပြုခြင်းအား တတ်နိုင်သမျှ လျှေ့ာပေးပါရန် အကြောင်းကြားအပ်ပါသည်။ သက်ဆိုင်ရာ ဌာနခွဲအလိုက် အရေးကြီးသည့် File များအား မိမိတို့၏ ကိုယ်ပိုင်စက်များတွင်လည်း Backup အနေဖြင့် သိမ်းဆည်းပေးပါရန်နှင့် ဌာနခွဲအချင်းချင်း အချက်အလက် များShare ရာတွင် Cut ပြုလုပ်၍ ယူပေးကြပါရန်  မေတ္တာရပ်ခံအပ်ပါသည်။

Dec 18, 2025

(59) ကြိမ်မြောက် Knowledge Sharing အတွက် Seating Plan

 နည်းပညာဌာနခွဲ

တက်ရောက်ရန် စာရင်းပေးထားသည့် ဦးစီးအရာရှိများသည် သင်တန်းကျောင်း (A) ဆောင် အခန်း (101) တွင် မပျက်မကွက် တက်ရောက်ပေးပါရန်

Dec 9, 2025

 ဌာနခွဲများတွင် အသုံးပြုနေသော Desktop / Laptop များ၊ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ၏ ကောင်းမွန်မှု၊ သန့်ရှင်းသပ်ရပ်စွာ အသုံးပြုမှုအား နည်းပညာဌာနခွဲမှ ၁၂-၁၂-၂၀၂၅ ရက်နေ့တွင် မျက်မြင်လာရောက်စစ်ဆေးမည်ဖြစ်ပါသဖြင့် Laptop များ ယူဆောင်လာပေးပါရန် ညှိနှိုင်းအကြောင်းကြားအပ်ပါသည်။

သိရှိကြောင်း Comment ၌ ပြန်ကြားပေးပါရန်။

Dec 2, 2025

 စားသုံးသူရေးရာဦးစီးဌာနမှ စားအုန်းဆီ ဝယ်ယူရန် ဝန်ထမ်းသက်သာအရောင်းဆိုင်မှ မှာယူမည်ဖြစ်ပါ၍ မှာယူလိုသည့် ဝန်ထမ်းဦးရေစာရင်းအား ဦးစီးဌာနအလိုက် စာရင်းပြုစု၍ ၂-၁၂-၂၀၂၅ ရက်နေ့ ညနေ (၃) နာရီ နောက်ဆုံးထား၍ လေ့ကျင့်ရေးဌာနခွဲ (နည်းပညာ) သို့ စုစည်းပေးပို့ပါရန် အသိပေးအပ်ပါသည်။ 

ဝန်ထမ်းတစ်ဦးလျှင် စားအုန်းဆီ (၁) ပိဿာနှုန်းဖြင့် ကျသင့်ငွေ ခန့်မှန်းဈေးနှုန်း (၁) ပိဿာလျှင် ကျပ် ၈၅၀၀ ဖြစ်ပါသည်။