Sep 30, 2025

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၈၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပိုစတာအကြောင်း ရှင်းလင်းတင်ပြခြင်းအစီအစဉ်ကို ၁-၁၀-၂၀၂၅ ရက်နေ့မှ ၃-၁၀-၂၀၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တက်ရောက်သူ (၁) ဦးလျှင် Poster (၁) ခုအား မဲပေးရွေးချယ် ပေးရမည်ဖြစ်ပါ၍ ပူးတွဲစာရင်းပါဝန်ထမ်းများအနေဖြင့် အဆိုပါအခမ်းအနားသို့ မပျက်မကွက်  တက်ရောက်ပေးပါရန် အကြောင်း ကြားအပ်ပါသည်။

ပိုစတာဖွင့်ပွဲအခမ်းအနားကို ၂-၁၀-၂၀၂၅ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။

သိရှိကြောင်း Comment တွင် အကြောင်းပြန်ကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 














Sep 29, 2025

သက်သာအရောင်းဆိုင်တွင် ကြက်ဥ (၁) လုံး ၄၀၀ ကျပ်နှုန်းဖြင့် ရောင်းချမည့်ကိစ္စ

     သက်သာအရောင်းဆိုင်တွင် ကြက်ဥ (၁) လုံး ၄၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ပါသဖြင့် ဝယ်ယူလိုပါက ဝန်ထမ်းသက်သာဌာနသို့ (ယနေ့ ညနေ ၃း၀၀ နာရီ ) နောက်ဆုံးထား၍ စာရင်းပေးပို့ပေးပါရန်။

                                   

                                            ဝန်ထမ်းသက်သာချောင်ချိရေးကော်မတီ




Sep 25, 2025

ဆန်၊ဆီ၊ပုဆိုးနှင့် အခြားသော ကုန်ပစ္စည်းအမျိုးမျိုးအား ဝယ်ယူအားပေးနိုင်ပါရန်

 ၂၆-၉-၂၀၂၅ ရက်နေ့တွင် သက်သာဆိုင်ခန်းအား စတင်၍ဖွင့်လှစ်ရောင်းချမည်ဖြစ်ပါ၍ ဤရုံး ဦးစီးဌာနအသီးသီးမှာ ဝန်ထမ်းအနေဖြင့် ဆန်၊ ဆီ၊ ပုဆိုး နှင့် အခြားသော ကုန်ပစ္စည်းများအား ဝယ်ယူအားပေးကြပါရန်အတွက် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်ရှင့်။

သက်သာဆိုင်ဖွင့်ပွဲအခမ်းအနားတက်ရောက်ရန် ဝန်ထမ်းစာရင်းတောင်းခံခြင်း

 26.9.2025 ရက်နေ့ နံနက် ၉:၀၀ နာရီတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတို့ ပူးပေါင်းဆောင်ရွက်သော ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းသက်သာ အရောင်းဆိုင်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန်လူစာရင်းတောင်းခံခြင်း

၁။ ရုံးအဖွဲ့ ၁၅ ဦး 

၂။ စစ်ဆေးရေး ၃၀ ဦး

၃။ နည်းပညာ ၁၅ ဦး

၄။ စီမံရေးရာ ၁၅ ဦး

မှတ်ချက်။  အမှန်တကယ်တက်ရောက်နိုင်မည့်ဝန်ထမ်းစာရင်းအား ဝန်ထမ်း၏လက်မှတ်ထိုးစာရင်းနှင့်တကွ      

                 စီမံ-ပစ္စည်း (ပြင်/ထိန်း)ဌာနခွဲသို့ ၁၂:၃၀ နောက်ဆုံးထား၍ ပေးပို့ပါရန် အသိပေးအကြောင်းကြား 

                အပ်ပါသည်။

 

 

Mobile Tablet နှင့် Power bank များ လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ထပ်မံထုတ်ယူလိုသည့် စာရင်းတောင်းခံခြင်းတို့အတွက် အကြောင်းကြားခြင်း

 Mobile Tablet နှင့် Power bank များ လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ထပ်မံထုတ်ယူလိုသည့် စာရင်းတောင်းခံခြင်းတို့အတွက် အကြောင်းကြားခြင်း

၁။    Mobile Tablet နှင့် Power bank ငှားရမ်းရန် စာရင်းပေးထားသည့် ဌာနခွဲအသီးသီးမှ ဝန်ထမ်းများသည် ယနေ့ နေ့လည် ၁၂ နာရီတွင် နည်းပညာဌာနခွဲသို့ လာရောက်ထုတ်ယူနိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည်။ ဌာနခွဲတစ်ခုမှ တာဝန်ခံကိုယ်စားလှယ်တစ်ဦးသာ လာရောက်ထုတ်ယူရမည် ဖြစ်ပါသည်။ 

၂။    Mobile Tablet နှင့် Power bank အလုံးရေ (၂၇)လုံး ကျန်ရှိပါသောကြောင့် ယခင်ထုတ်ယူမှုမရှိသောသူ ဝန်ထမ်းများမှ ရုံးကိစ္စအသုံးပြုရန်အလို့  ဌာနတာဝန်ခံမှ လက်မှတ်ရေးထိုး၍ စာရင်းပေးထုတ်ယူနိုင်ကြောင်း အကြောင်းကြားအပ်ပါသည်။ တာဝန်ခံကိုယ်စားလှယ်တစ်ဦးမှ လာရောက်ထုတ်ယူသည့်အခါ ပုံစံ-၁၃ တွင် ဌာနတာဝန်ခံ လက်မှတ်ရေးထိုး၍ ထုတ်ယူရမည်ဖြစ်ပါသည်။


Sep 24, 2025

 

 တော်ဝင်အမှတ်(၅) ယာဉ်လိုင်းတိုးချဲ့ပြေးဆွဲမှုနှင့်ပတ်သက်၍ ဆက်လက်ပြေးဆွဲရန် လိုအပ်မှု ရှိ/မရှိ ပြန်ကြား ပေးနိုင်ပါရန်ကိစ္စ

 

တော်ဝင်အမှတ်(၅) ယာဉ်လိုင်းတိုးချဲ့ပြေးဆွဲမှုနှင့်ပတ်သက်၍ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုဝင်များအနေဖြင့် လိုအပ်မှုရှိ/ မရှိကို (၂၆-၉-၂၀၂၅) ရက်နေ့တွင် နောက်ဆုံးထားပေးပို့ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Sep 18, 2025

 စည်ပင်ဈေးကားရောက်နေ၍ ဝယ်ယူလိုသည့် ဝန်ထမ်းများ သက်သာရှေ့တွင် သွားရောက်ဝယ်ယူနိုင်ပါသည်။

Sep 17, 2025

(56) ကြိမ်မြောက် Knowledge Sharing အတွက် Setting Plan

 

တက်ရောက်ရန် စာရင်းပေးထားသည့် ဦးစီးအရာရှိ များသည် သင်တန်းကျောင်း (A) ဆောင် အခန်း (101) တွင် မပျက်မကွက် တက်ရောက်ပေးပါရန်

Sep 16, 2025

အနားပဲ့သွားသည့် ပန်းကန်များအား လျော့ဈေးဖြင့် ရောင်းချခြင်း

 28.3.2025 ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် အနားပဲ့သွားသည့် ပန်းကန်များအား လျော့ဈေး ဖြင့် ရောင်းချမည်ဖြစ်ပါသဖြင့် ဝယ်ယူလိုပါက စီမံ-ပစ္စည်းသို့ ဆက်သွယ်ပေးပါရန် အကြောင်းကြားပါသည်-

 

Sep 15, 2025

Cybersecurity Awareness Training

 နည်းပညာဌာနခွဲ

Cybersecurity Awareness Training ကို (၁၇-၉-၂၀၂၅) ရက်နေ့ နေ့လယ် (၁း၀၀ မှ ၃း၀၀ ထိ) ပြုလုပ်မည့်ဖြစ်ပါသဖြင့် Cybersecurity နှင့် ပတ်သတ်၍ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည်။ 

တက်ရောက်မည့်သူစာရင်းအား (၁၆-၉-၂၀၂၅) ရက်နေ့ နေ့လယ် ၁၂း၀၀ အရောက် နည်းပညာဌာနခွဲသို့ ပေးပို့ပါရန်။

Sep 12, 2025

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ MySQL Database(Online) သင်တန်း(၀၃၀၄/၀၁၊၀၂/၂၅-၂၆)၊ Basic Networking သင်တန်း (၀၂၀၁/ ၀၁၊၀၂/၂၅-၂၆)နှင့် Linux Foundation သင်တန်း (၀၄၀၁/၀၁၊၀၂/၂၅-၂၆) အတွက် သင်တန်းသားခေါ်ယူခြင်း

သင်တန်းခေါ်စာ(ရုံးတွင်းစာ)




 MySQL Database (Online)






Basic Networking





Linux Foundation





မှတ်ချက်-  သင်တန်းတက်ရောက်လိုသူများသည်  သင်တန်းသား အမည်စာရင်းနှင့် ပူးတွဲပါ သင်တန်းသားဖြည့်စွက်ရမည့် ပုံစံအား ပြည့်စုံစွာဖြည့်သွင်းပြီး နည်းပညာဌာနခွဲသို့ (၁၅-၉-၂၀၂၅)ရက်နေ့ အရောက်ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Sep 10, 2025

ပန်းကန်များဝယ်ယူလိုနိုင်ပါကြောင်း

 ၂၈-၃-၂၀၂၅ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် အနားပဲ့သွားသည့် ပန်းကန်များအား လျော့ဈေးဖြင့် ပြန်လည်ရောင်းချမည်ဖြစ်ပါသောကြောင့် ဝယ်ယူလိုပါက စီမံ-ပစ္စည်းသို့ ဆက်သွယ်ပေးပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

Sep 9, 2025

ပြက္ခဒိန်ဝယ်ယူနိုင်ပါကြောင်းအကြောင်းကြားခြင်း

 ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော တစ်မျက်နှာလျှင်(၃)လနှုန်းဖြင့် စာမျက်နှာ(၆)ရွက် ပါရှိသည့် ရုံးသုံး ပြက္ခဒိန်များကို တစ်စောင်လျှင် ငွေကျပ် ၁,၂၀၀/- နှုန်းဖြင့် ရောင်းချမည်ဖြစ်ပါ၍ ဝယ်ယူလိုပါက စီမံ-ပစ္စည်းဌာနသို့ ၁၁-၉-၂၀၂၅ ရက်နေ့ ပေးပို့ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။ပြက္ခဒိန်မှာ အောက်ပါပုံအတိုင်း-

 

 

Sep 5, 2025

ဦးစီးအရာရှိနှင့် အောက်အဆင့်ဝန်ထမ်းများအား ဖွင့်လှစ်ပေးထားသည့် Domain Account များကို Disable ပြုလုပ်မည်ဖြစ်ကြောင်း အကြောင်းကြားခြင်း

 ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အမိန့်ကြော်ငြာစာအမှတ်၃၉၈/၂၀၂၅ အရ Shared Folder အသုံးပြုခွင့်ရှိသူများနှင့် လိုက်နာရမည့် စည်းကမ်းချက်များတွင်  File Server ကို ရုံးချုပ်တွင် Wide Area Network ချိတ်ဆက်ထားသည့် လက်ထောက်ညွှန်ကြားရေးမှူး အဆင့်ထိသာ Domain Account ဖြင့် ဝင်ရောက်အသုံးပြုရမည်ဖြစ်ပါသောကြောင့်  ဦးစီးအရာရှိနှင့် အောက်အဆင့်ဝန်ထမ်းများအား ဖွင့်လှစ်ပေးထားသည့် Domain Account များကို Disable ပြုလုပ်မည်ဖြစ်ပါသောကြောင့် လက်ရှိအသုံးပြုနေသည့် ကွန်ပျူတာများမှ Data များကို (၅-၉-၂၀၂၅)ရက်နေ့ နေ့လည် ၁၂:၀၀ နာရီ‌ နောက်ဆုံးထား၍ Back up ယူထားပေးကြပါရန် အကြောင်းကြားအပ်ပါသည်။

Sep 4, 2025

သမဝါယမဦးစီးဌာနမှ ပစ္စည်းများအားဝယ်ယူလိုနိုင်ပါကြောင်းအသိပေးခြင်း

 

သမဝါယမဦးစီးဌာနမှ ဖွင့်လှစ်ထားသော MCRD co-op Mart အရောင်းဆိုင်တွင် အောက်ပါပစ္စည်းများအား လျော့ဈေးဖြင့် ရောင်းချမည်ဖြစ်ပါ၍ ဝယ်ယူလိုသည့်ပစ္စည်းများအား စီမံ-ပစ္စည်းဌာနခွဲသို့ ၅-၉-၂၀၂၅ ရက်နေ့ မနက် ၁၂း၀၀ အရောက်စာရင်းပေးပို့ပါရန် အကြောင်းကြားအပ်ပါသည်။

 

 

Sep 3, 2025

 

 နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ပေးပို့လာသော မြို့တွင်းတော်ဝင်အမှတ်(၅)ယာဉ်လိုင်း တိုးချဲ့ပြေးဆွဲနေမှု ကိစ္စ


သိရှိကြောင်း Comment ၌ ပြန်ကြားပေးပါရန်။