Sep 26, 2024

Trusty Payroll ဖြင့်လစာထုတ်ယူခြင်း

                 ၉/၂၀၂၄ လမှစ၍ Trusty Payroll ဖြင့် လစာထုတ်ယူမည့်သူများသည် (1) Section ကိုယ်စား (၂) ယောက်သာ လာရောက်ထုတ်ယူရန် နှင့် ဖုန်းဆက်အကြောင်းကြားမှသာလျှင်  ထုတ်ယူပေးပါရန် အကြောင်းကြားအပ်ပါသည်။

 

 

ဝန်ထမ်းသက်သာချောင်ချိရေးကော်မတီ

 

    


 

 

 

 

                                                                                                                    


 

 

 

 

 

 

 

 

 

 

 

 

 

Sep 24, 2024


 

၂၅-၉-၂၀၂၄ ရက်နေ့နှင့် ၂၆-၉-၂၀၂၄ ရက်နေ့တို့တွင် ဤရုံးမှ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည့် “ASEANSAI Knowledge Sharing Workshop on the Audit of the SDG Implementation: Cooperative Audit Projects” သို့ တက်ရောက်မည့်သူများအတွက် Workshop Agenda ၊ Workshop Materials ၊ Seating Plan (ပတ္တမြားခန်းမ + နဝရတ်ခန်းမ) နှင့် တက်ရောက်မည့် လူဦးရေစာရင်းတို့ကို All Department Shared ထဲရှိ Materials for ASEANSAI SDG Workshop (25-26 Sept 2024) Folder ထဲတွင် ထည့်သွင်းထားပြီးဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

 

မှတ်ချက်။ သိရှိကြောင်း Comment တွင်ပြန်ကြားပေးပါရန်

 

ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ




Sep 23, 2024

IRD ဌာနခွဲမှ AD ေဒါ်နီလာေရွှ ၏ ဖခင် ကွယ်လွန်ခြင်းအတွက် နာေရးလိုက်ပါပို့ေဆာင်နိုင်ရန်ကိစ္စ

 IRD ဌာနခွဲမှ AD ေဒါ်နီလာေရွှ ၏ ဖခင် ကွယ်လွန်ခြင်းအတွက် နာေရးလိုက်ပါပို့ေဆာင်မည့် ေမာ်ေတာ်ယာဉ်မှာ ေန့လည် ၁၂း၃၀ မိနစ်အချိန်တွင် ရုံးေရှ့ကားပါကင်မှ စတင်ထွက်ခွာမည်ဖြစ်ပါေကြာင်း အသိေပးအပ်ပါသည်။

Sep 20, 2024

CB Bank PCL မှ ဝန်ဆောင်မှုပေးမည်ဖြစ်ပါကြောင်း အသိပေးခြင်း

၁။    CB Bank PCL မှ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရှိ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများအား    Bank Account ၊ CB Pay Application နှင့် Payroll Service များနှင့် ပတ်သက်၍  ၂၃-၉-၂၀၂၄ (တနင်္လာနေ့)တွင် လာရောက် ရှင်းလင်းဝန်ဆောင်မှုပေးမည်ဖြစ်ပါသည်။ (ပြုလုပ်သောဝန်ထမ်းများအား  CB Bank မှ Service အနေဖြင့် Initial Deposit -1000, Card  ဖိုး 3000 free နှင့် CB Pay  ဆောင်ရွက်ပါက Topup-2000 အား ထည့်သွင်း ပေး မည်ဖြစ်ပါသည်။)

၂။    သို့ဖြစ်ပါ၍ Bank Account ဖွင့်လှစ်လိုသော အရာထမ်း၊ အမှုထမ်းဝန်ထမ်းများသည် မှတ်ပုံတင် မိတ္တူ(၁)စုံ၊ လိုင်စင်ပုံ(၁)ပုံနှင့် မှတ်ပုံတင်မူရင်း ယူဆောင်လာပေးပါရန် အကြောင်းကြားအပ်ပါသည်။


ရေဘေးသင့်ဝန်ထမ်းများသို့ လှူဒါန်းလိုသည့် ပစ္စည်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအဖွဲ့ ၊ ဦးစီးရုံးသို့      ၂၃- ၉-၂၀၂၄ ရက်နေ့ ၊ တနင်္လာနေ့ နောက်ဆုံးထားပေးပို့ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

Sep 18, 2024

 (47) ကြိမ်မြောက် Knowledge Sharing Program အား 19-9-2024 ရက်နေ့တွင် ကျင်းပနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ကျင်းပမည့်ရက်အား ထပ်မံအသိပေး အကြောင်းကြားပါမည်။

Sep 16, 2024

ကြက်သာရောင်းချရန် ကြေငြာခြင်း

အကျဉ်းဦးစီးဌာနမှ ကြက်သား ၁ ပိဿာ ကျပ် ၉,၀၀၀ နှုန်းဖြင့် ၂၆-၉-၂၀၂၄ ရက်နေ့တွင် လာရောက် ရောင်းချမည်ဖြစ်ပါ၍ ဝယ်ယူလိုသည့် ဝန်ထမ်းများအနေဖြင့် ဌာနအလိုက်စာရင်းချုပ်ပြုစု၍ စီမံ-ပစ္စည်း(ပြင်ထိန်း)ဌာနသို့ ၁၈-၉-၂၀၂၄ ရက်နေ့ နေ့လည် ၁၂ နာရီနောက်ဆုံးထား၍ စာရင်းချုပ်ပေးပို့ပါရန် အကြောင်းကြားအပ်ပါသည်။

Sep 13, 2024

ယနေ့ 13.9.2024 ရက်နေ့တွင်  MCB Bank မှ ငွေစုစာရင်းစာအုပ်များဖွင့်လှစ်၍ လစဉ်ငွေစုဆောင်းခြင်း ပြုလုပ်နိုင်ရန် ဝန်ဆောင်မှုများ လာရောက်ပေးဆောင်မည်ဖြစ်ပါ၍ ဌာနခွဲများရှိ ဝန်ထမ်းများအနေဖြင့် စိတ်ပါဝင်စားမှုရှိပါက Section  များတွင် လာရောက်ဝန်ဆောင်မှုပေးမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

Sep 12, 2024

 ရေဘေးကူညီထောက်ပံ့ပေးရန် နှိုးဆော်ခြင်း

    ၁၁-၉-၂၀၂၄ ရက်နေ့တွင် နေပြည်တော်အတွင်း မိုးသည်းထန်စွာ ရွာသွန်းသဖြင့် နေပြည်တော်စာရင်းစစ်ရုံးလက်အောက်ရှိ တပ်ကုန်းမြို့နယ်စာရင်းစစ်ရုံးမှ ဝန်ထမ်း (၃) ဦး၊ ပျဉ်းမနားမြို့နယ်စာရင်းစစ်ရုံးမှ ဝန်ထမ်း (၁) ဦးနှင့် ဥတ္တရသီရိမြို့နယ်စာရင်းစစ်ရုံးမှ ဝန်ထမ်း (၁) ဦး စုစုပေါင်း ဝန်ထမ်း (၅) ဦးတို့၏ နေအိမ်များသို့ ရေများဝင်ရောက်ခဲ့သဖြင့် အိမ်၊ ကျွဲ၊ နွားနှင့် ပစ္စည်းများ ရေထဲမျောပါပျက်စီးသွားပါ သဖြင့် သဒ္ဒါသရွေ့ လိုအပ်သည်များ ( အစားအစာ၊ အဝတ်အစားနှင့် ငွေကြေး .....) ကူညီထောက်ပံ့နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။ 



 

ရေနစ်မြှုပ်များအား အသိပေးရန်

 ယခုရေကြီးနစ်မြုပ်မှုတွင် မိမိ၏ ဌာနမှ ဝန်ထမ်းများ ပါဝင်မှုရှိပါက ရေနစ်မြှုပ်မှုတွင် ပါဝင်သည့် ဦးရေ/ဆုံးရှုံးမှုစာရင်းများနှင့် လက်ရှိဆောင်ရွက်နိုင်မှု အခြေအနေတို့ကို ညွှန်ကြားရေးမှူး၊ စီမံ-ပစ္စည်း/ဘတ်ဂျက် သို့တင်ပြပေးပါရန် အသိပေးအကြောင်းကြားပါသည်။

Sep 11, 2024

 Cash Plan နှင့်အညီ ရရှိ/သုံးစွဲရန်ကိစ္စ

၁။    သက်ဆိုင်ရာရုံး/ဌာနခွဲအသီးသီးမှ ဒုတိယ(၃)လပတ် (၇/၂၀၂၄ လမှ ၉/၂၀၂၄ လအထိ) ငွေသားစီမံချက်ပါ လအလိုက်လျာထားစာရင်းများအား အနီးစပ်ဆုံး ရရှိ/သုံးစွဲနိုင်ရန်နှင့် Cash Plan ပါအသုံးစရိတ်များအတွက်သာ အဓိကထားသုံးစွဲရန် စီမံရေးရာဦးစီးဌာန၏ ၂၃-၇-၂၀၂၄ ရက်စွဲပါစာဖြင့် လျာထားစာရင်းများအား ရုံးတွင်းစာဖြင့် ဖြန့်ဝေပေးပို့ပြီးဖြစ်ပါသည်။

၂။     သို့ဖြစ်ပါ၍ သုံးစွဲရန်ကျန်ရှိသည့် အသုံးစရိတ်များကို ၉/၂၀၂၄ လတွင် Cash Plan နှင့်အညီ သုံးစွဲနိုင်ရေးနှင့် ရငွေများအား လျာထားချက်ပြည့်မီစွာရရှိနိုင်ရေး သက်ဆိုင်ရာ ရုံး/ဌာနခွဲအသီးသီးရှိ ကြီးကြပ်သူများမှ စီမံဆောင်ရွက်ပေးပါရန် ညှိနှိုင်းအကြောင်းကြားအပ်ပါသည်။

Trusty ဖြင့် လစာထုတ်ယူမည့်ကိစ္စ

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊သက်ဆိုင်ရာဌာနခွဲများမှဝန်ထမ်းများအနေဖြင့် Trusty Pay ဖြင့်လစာထုတ် ယူမည့် ဝန်ထမ်းများရှိပါကဌာနခွဲအလိုက်စာရင်းပြုစု၍ ၁၃-၉-၂၀၂၄ ရက်နေ့နောက်ဆုံးထား၍ ဝန်ထမ်းသက်သာ ချောင်ချိရေးကော်မတီသို့ပေးပို့ပေးပါရန်အကြောင်းအပ်ပါသည်။

 

                                                                                                     ဝန်ထမ်းသက်သာချောင်ချိရေးကော်မတီ

Sep 6, 2024

 နကျယ်ကောင်များအား ယနေ့ ညနေ (၅:၀၀) နာရီတိတိတွင် ဖယ်ရှားရှင်းလင်းမည်ဖြစ်ပါ၍ ရုံးဝန်ထမ်းများအနေ ဖြင့် ညနေ (၄:၃၀) နာရီတွင် ရုံးဆင်းပေးကြပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

မိမိတို့ဌာနရှိ ရုံးခန်းများ၊ သန့်စင်ခန်းခန်းများ ၊ ရုံးခန်းပတ်ဝန်းကျင်များတွင် ပထုပ်ပနီကောင် ၊ ပျားအုံ ၊ နကျယ်ကောင် ၊ နကျယ်အုံများရှိပါက စီမံ-ပစ္စည်း(ပြင်/ထိန်း)ဌာနသို့ အကြောင်းကြားပေးပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

မှတ်ချက်။    ယနေ့ သောကြာနေ့ ၆-၉-၂၀၂၄ ရက်နေ့ နောက်ဆုံးအကြောင်းကြားပေးပါရန်။

 ၇-၉-၂၀၁၄ (စနေနေ့) တွင် ပြည်ထောင်စုနယ်မြေ ၂၀၂၄ ခုနှစ်၊ တတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် သို့ သဇင်(၁)အဆောင်(၁၁)မှ (၁၀)ဦးနှင့် သဇင်(၅)အဆောင်(၁/၅)မှ (၁၃)ဦး စုစုပေါင်း ဝန်ထမ်း (၂၃)ဦး တက်ရောက်ရန်ဖြစ်ပါသောကြောင့် သက်ဆိုင်ရာခွဲတာဝန်ခံများမှ ခွင့်ပြုပေးပါရန် အကြောင်းကြားပါသည်။ နံနက် (၆)နာရီမှစ၍ မော်တော်ယာဉ်ကြိုပါသည်။ တက်ရောက်မည့်ဝန်ထမ်းအမည်နှင့် ဆက်သွယ်ရန် ဖုန်းနံပတ် များ ပေးပါရန်။

Sep 5, 2024

သီတင်းကျွတ်အထူးချေးငွေ ချေးယူနိုင်ခြင်းကိစ္စ

         ဤရုံး၊ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၉-၉-၂၀၂၂ ရက်စွဲပါ အမှုဆောင်ဒါရိုက်တာအဖွဲ့အစည်းအဝေး အမှတ်စဉ်-၉/၂၀၂၂ ၊အပိုဒ်(၃)အရ သီတင်းကျွတ်အထူးချေးငွေ ကျပ် ၁၀၀,၀၀၀ အား ပြန်ဆပ်ကာလ ၃ လ၊ အတိုးနှုန်း ကျပ် ၂/- ဖြင့် ချေးယူနိုင်ပါကြောင်းနှင့် ချေးငွေချေးယူလိုသော အသင်းသားများမှ ချေးငွေလျှောက်လွှာအား စီမံ-စာရင်းဌာနခွဲသို့ ၂၀-၉-၂၀၂၄ ရက်နေ့ နောက်ဆုံးထားလျှောက်ထားနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။



2024-2025 ဘဏ္ဍာရေးနှစ် Cash Plan တတိယ ၃ လပတ်ရေးဆွဲပေးပို့ပါရန်ကိစ္စ

၁။    ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၉-၁၂-၂၀၂၁ ရက်စွဲပါစာဖြင့် ညွှန်ကြားချက်အရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး(ရုံးချုပ်၊ မြန်မာနိုင်ငံစာရင်းကောင်စီရုံး၊ ပြည်ထောင်စုနယ်မြေ(၁၁)ရုံး) အတွက် ငွေသားစီမံချက်အရ/အသုံး စာရင်းများကို ၃ လတစ်ကြိမ် အနီးစပ်ဆုံး ခန့်မှန်းရေးဆွဲပြီး ငွေတိုက်ဦးစီးဌာနသို့ပေးပို့လျက်ရှိပါသည်။

၂။    ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ရုံး/ဌာနခွဲများမှ ငွေကြေးစီမံခန့်ခွဲမှုကို တိကျစွာလုပ်ဆောင်ရန် လိုအပ်ပြီး ရုံး/ဌာနခွဲအသီးသီးမှ ၃ လပတ်အလိုက် ရငွေ/သုံးငွေများအား အမှန်ရရှိ၊ သုံးစွဲမှုနှင့် အနီးစပ်ဆုံးခန့်မှန်းတွက်ချက်၍ ခန့်မှန်းသည့်အတိုင်း ရရှိ/သုံးစွဲနိုင်ရေးဆောင်ရွက်ပေးရန်နှင့် ခန့်မှန်းသည့် ၃ လပတ်အတွင်း လအလိုက်ခန့်မှန်းလျာထားမှုကို စီမံ(ဘတ်ဂျက်) ဌာနခွဲသို့ သတ်မှတ်ရက်များအတိုင်း ပေးပို့ပါရန် စီမံရေးရာဦးစီးဌာန၏ ၆-၃-၂၀၂၄ ရက်စွဲပါစာဖြင့် အကြောင်းကြားခဲ့ပြီးဖြစ်ပါသည်။

၃။    သို့ပါ၍ ဌာနခွဲအသီးသီးမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တတိယ ၃ လပတ် (၁၀/၂၀၂၄လမှ ၁၂/၂၀၂၄ လထိ) လျာထားစာရင်းများကို အရအသုံးခန့်မှန်းခြေငွေစာရင်းပါ ခွင့်ပြုငွေရရှိမှုအပေါ် မူတည်၍ စိစစ်ပြီး လျာထားမှုကို ၂၅-၉-၂၀၂၄ ရက်နေ့နောက်ဆုံးထားပေးပို့ရန် ညှိနှိုင်းအကြောင်းကြားအပ်ပါသည်။ သတ်မှတ်ရက်နေ့နောက်ပိုင်းပေးပို့လာသော စာရင်းအချက်အလက်များအား မဖြစ်မနေသုံးစွဲရန် လိုအပ်သောပြောင်းလဲချက်မှအပ ပြင်ဆင်ဆောင်ရွက်ပေးမည်မဟုတ်ပါကြောင်း အကြောင်းကြားအပ်ပါသည်။

 

Sep 4, 2024

 5-9-2024 ရက်နေ့၌ ကျင်းပမည့် Knowledge Sharing Program အတွက် Seating Plan အား သိရှိနိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

မှတ်ချက်။    ဦးစီးအရာရှိများ စာသင်ခန်းအမှတ်-101 တွင် တက်ရောက်ရမည်ဖြစ်ပါသည်။

 

လေ့ကျင့်ရေးဌာနခွဲ

 


 



ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပေးပို့လာသော Microsoft Office Excel 2019 (Online) သင်တန်း၊ PHP Programming သင်တန်း ၊ LInux Foundation သင်တန်း တို့အတွက် သင်တန်းသားခေါ်ယူခြင်း

 










 




 


 


 

Sep 3, 2024

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအဖွဲ့ နှင့် ဦးစီးဌာနများ၏ Logo နှင့် Motto များကို Voting ပေးရန် အကြောင်းကြားခြင်း

 

          ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအဖွဲ့နှင့် ဦးစီးဌာနများ၏    Logo နှင့် Motto များကို Voting ပေးနိုင်ရန်အတွက် Google Form ဖြင့် ဆောင်ရွက်ထားပါသည်။ အမြဲတမ်းအတွင်းဝန်မှ ညွှန်ကြားရေးမှူးအဆင့်ထိသည် တစ်ဦးချင်း Voting တစ်ကြိမ် ပေးရန်ဖြစ်ပါသည်။ ဒုတိယညွှန်ကြားရေးမှူးအဆင့်သည် ဌာနခွဲဝန်ထမ်းများအားလုံး ကိုယ်စားပြု Voting တစ်ကြိမ် ပေးရန် ဖြစ်ပါသည်။ ရုံးအဖွဲ့နှင့်ဦးစီးဌာန () ခုစီအတွက်အကြိုက်ဆုံး Logo ()ခုနှင့် Motto ()ခု စီ Voting ပေးသွားရန်ဖြစ်ပါသည်။ (ဥပမာ- ရုံးအဖွဲ့အတွက် Logo () ခုနှင့် Motto () ခု၊ စစ်ဆေးရးဦးစီးဌာနအတွက် Logo () ခုနှင့် Motto () ခု၊ စသည်ဖြင့်)

          Google Form Link ကို သက်ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူးများထံ ၄--၂၀၂၄ ရက်နေ့ နံနက် (၉း၃၀) တွင် ပေးပို့သွားမည်ဖြစ်ပါသည်။ ညွှန်ကြားရေးမှူးများသည် Google Form Link အား မိမိလက်အောက်ရှိ ဌာနခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးထံ ဆက်လက်ပေးပို့အကြောင်းကြား ရန် ဖြစ်ပါသည်။   ဒုတိယ ညွှန်ကြားရေးမှူးများသည် ပေးပို့လာသည့် Form Link မှတစ်ဆင့် Logo နှင့် Motto များကို မိမိလက်အောက်ရှိ ဝန်ထမ်းများအားလုံးကို ပြသ၍ ၎င်းတို့၏ အမြင်၊ သဘောထားရယူကာ ဌာနခွဲကိုယ်စားပြု တစ်ကြိမ်သာ Voting ပေးရန်ဖြစ်ပါသည်။

(Logo ၏ အဓိပ္ပာဖွင့်ဆိုချက်များကို All Share- Logo and Motto Voting Folder တွင် ဦးစီးဌာနအလိုက် File တွင် ကြည့်ရန်ဖြစ်ပါသည်။)

 

 

 သိရှိကြောင်း Comment ၌ ပြန်ကြားပေးပါရန်။

e-Government ဌာနခွဲ