Apr 30, 2024

ဤရုံးတွင် အသုံးပြုနေသော All Department Shared(\\10.1.110.200) (NAS) တွင် အသုံးပြုနေသော File/Folder များ Back Up ပြုလုပ်ရန်နှင့် ထပ်နေသည့် File/Folder များအား ဖျက်ရန်အကြောင်းကြားခြင်း

 

     အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဥ်း၍ ဤရုံးတွင် အသုံးပြုနေသော All Department Shared (\\10.1.110.200) (NAS) တွင် အကြောင်းအရာ တစ်ခုတည်းကို နေရာတိုင်းတွင် သိမ်းထားခြင်းကြောင့် File/Folder များ Duplicate ဖြစ်နေခြင်း၊ Storage Space ပြည့်နေခြင်းတို့ကြောင့် File/Folder များ Back Up ပြုလုပ်ရန်နှင့် ထပ်နေသည့် File/Folder များအား ဖျက်ရန် ဆောင်ရွက်လိုပါသဖြင့် မိမိတို့၏ အသုံးပြုနေသော File/ Folder များအား 2.5.2024(ကြာသပတေး)နေ့၊ နေ့လည် (၁း၀၀) နာရီနောက်ဆုံးထား၍ ဖျက်ပေးပါရန်  ၊ သက်ဆိုင်ရာဌာနခွဲအလိုက် Folder များ သတ်မှတ်ထား ပေးပြီးဖြစ်၍ မိမိတို့ အလုပ်လုပ်နေသည့် လုပ်ငန်းအချက်အလက်များအား မိမိတို့ဌာနခွဲအလိုက်သာ သိမ်းဆည်း ပေးကြပါရန်နှင့် ဌာနခွဲအချင်းချင်း ဖိုင်များ မျှဝေပေးပို့ရာတွင် Copy ပြုလုပ်မည့်အစား Cut လုပ်ခြင်းသာ ဆောင်ရွက်ပေးကြပါရန် အကြောင်းကြားအပ်ပါသည်။ သက်ဆိုင်ရာ ဌာနခွဲအလိုက် သတ်မှတ်ထားသည့် Folder အမည်များအား အောက်တွင် ဖော်ပြအပ်ပါသည် -

စဥ်

ဌာနအမည်

Folder Name

စီမံရေးရာ

Admin

စစ်ဆေးရေးဦးစီးဌာန

Audit Department

e-Government

e-Government

ရုံးအဖွဲ့

Head Office

ဌာနတွင်းစာရင်းစစ်

Internal Audit

ပြည်တွင်း/ပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနခွဲ၊

အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲမှု

ird

စီမံကိန်းနှင့်စာရင်းအင်းဌာန

Planning and Statistics

မူဝါဒ

Policy

ဝထ-၂

Staff Affair2

၁၀

ဝထ

Staff

၁၁

ဘတ်ဂျက်

Supply Budget

၁၂

သင်တန်းကျောင်း

Training Department

 သိရှိကြောင်း Comment ၌ ပြန်ကြားပေးပါရန်။

Apr 24, 2024

သတင်းစာများ သိမ်းဆည်းမည်ဖြစ်ကြောင်း အကြောင်းကြားခြင်း

 ဌာနခွဲအလိုက် သတင်းစာလက်ခံသည့် အရာရှိများ၊ အရာရှိကြီးများ၏ အခန်းများမှ သတင်းစာများကို ၂၆-၄-၂၀၂၄ ရက်နေ့ (သောကြာနေ့)တွင် စီမံ-ပစ္စည်း(ပြင်/ထိန်း)ဌာနခွဲမှ လာ‌ရောက်သိမ်းဆည်းမည်ဖြစ်ပါ၍ စုစည်းပေးထားပါရန် အကြောင်းကြားအပ်ပါသည်။

Apr 23, 2024

 ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရှိ MEB ATM စက်တွင် ငွေသားများအား ပုံမှန်အတိုင်း ပြန်လည်ထုတ်ယူနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ပို့ဆောင်ရေးဆက်သွယ်ရေးဝန်ကြီးဌားနမှခေါ်ယူသော Data Analysis and Power BI သင်တန်း (၀၁၀၆/၀၁/၂၄-၂၅) နှင့် Cyber Security Fundamentals သင်တန်း (၀၅၀၈/၀၁/၀၂/၂၄-၂၅) တို့အတွက် သင်တန်းသားခေါ်ယူခြင်း

 



















(24-4-2024) ရက်နေ့ နေ့လည် ၁၂း၀၀ အရောက် နည်းပညာဌာနခွဲသို့ ပေးပို့ပါရန်။

Apr 12, 2024

All Department Share အသုံးပြုမှုအား ခေတ္တရပ်ထားပေးပါရန်

 Data Center မှ Synology အား Data Backup လုပ်နေပါသဖြင့် Server ပေါ်ရှိ All Department Share အသုံးပြုမှုအား ခေတ္တရပ်ထား ပေးကြပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

သိရှိကြောင်း Comment ၌ ပြန်ကြားပေးပါရန်။

Apr 9, 2024

 ၁၀-၄-၂၀၂၄ ရက်နေ့ ရုံးဝန်ထမ်းအားရုံး ရွှေရင်အေး စတုဒီသာ ကျွေးမည်ဖြစ်ပါသည်။

 နှစ်ဆန်း (၁) ရက်နေ့  ညနေ (၅:၀၀) အချိန်တွင် ညွှန်ကြားရေးမှူးနှင့် အထက် ပရိတ်တရားနာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။

Apr 8, 2024

 နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်မည့် အဆင့်မြင့်သံတမာန်ရေးရာကျွမ်းကျင်မှုသင်တန်း(Certificate Course in Enhanced Diplomatic Skills)အမှတ်စဉ်(၇/၂၀၂၄)အား ၁၃-၅-၂၀၂၄ မှ ၅-၇-၂၀၂၄ ရက်ထိ ဖွင့်လှစ်မည်ဖြစ်ပါ၍ သက်ဆိုင်ရာ ဌာနခွဲအသီးသီးမှ စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ပါကြောင်း သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်။


သင်တန်းရေးရာဌာနခွဲ








Apr 4, 2024

Government EDMS Mail အား လုံခြုံစွာအသုံးပြုနည်းနှင့် Government Mail Drive အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချပေးမည့်ကိစ္စ

       ၅-၄-၂၀၂၄ ရက်နေ့ နေ့လည် (၁)နာရီမှ (၄)နာရီထိ သင်တန်းသား(၅၀)ဆံ့ စာသင်ခန်းတွင် ဆင့်ပွားဖွင့်လှစ် ပို့ချပေးမည့် Government EDMS Mail အား လုံခြုံစွာအသုံးပြုနည်းနှင့် Government Mail Drive အသုံးပြုနည်း ဆင့်ပွားသင်တန်းအတွက် Training Material များအား All Department Shared e-Government FolderEmail and Digital Account Security Folder Email & Digital Account Security File Name Government Mail Drive Guide(30.3.2024)File Name Messenger e-Mail acc of Ministries File Name များဖြင့် ထည့်သွင်းထားပါသည်။ သင်တန်းလာရောက်သည့်အခါ အသုံးပြုနည်းလမ်းညွှန် File နှင့် Power Point File တို့အား Print ထုတ်ယူလာခဲ့ပေးပါရန် ညှိနှိုင်းအပ်ပါသည်။


e-Government ဌာန

သိရှိကြောင်း Comment ၌ ပြန်ကြားပေးပါရန်။

Apr 3, 2024

 Trusty ဖြင့် လစာထုတ်ယူသည့်ဝန်ထမ်းများအား Trusty Company မှ ဆန်နှင့်ဆီ  တစ်ဦးလျှင်  ဆန် 5kg (၂)အိတ်နှုန်းနှင့် ပုဇွန်နှစ်ကောင်ဆီ (၅၀)ကျပ်သား (၂)ဘူးနှုန်း လာရောက်ရောင်းချပေးမည်ဖြစ်ပါသဖြင့် ဝယ်ယူလိုသည့် အရေအတွက်အား (၃-၄-၂၀၂၄) နေ့ ၊ နေ့လည် ၁း၀၀ နာရီ နောက်ဆုံးထား၍ ဝန်ထမ်းသက်သာချောင်ချိရေးကော်မတီသို့ စာရင်းပေးပို့ပေးရန် အကြောင်းကြားအပ်ပါသည်။

စဉ်    အကြောင်းအရာ             ရေတွက်ပုံ             အရေအတွက်              ဈေးနှုန်း                 မှတ်ချက်

၁။              ဆန်                          အိတ်                                                ၁၄,၄၀၀               (၂၀% လျော့ပြီး)

၂။       ပုဇွန်(၂)ကောင်                   ဘူး                                                     ၄,၄၈၀               (၂၀% လျော့ပြီး)


မှတ်ချက်။               ၃/၂၀၂၄ လတွင် Trusty ဖြင့်လစာထုတ်ယူသည့် ဝန်ထမ်းများအနက်မှ ဝယ်ယူလိုသည့် ဝန်ထမ်းများသာ စာရင်းပေးပို့ရန် ဖြစ်ပါသည်။ ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါ သည်။

Apr 2, 2024

 လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၁/၂၀၂၄)သို့ DD အဆင့်ထိ တက်ရောက်ပေးနိုင်ပါရန်နှင့် (၉:၀၀) နာရီ အရောက် အစည်းအဝေးခန်းမအတွင်းသို့ နေရာယူပေးကြပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။